Nude Art by Artist Nyi Htun - The Lady ပန်းချီပြပွဲ - Video

60 Views
The Lady ရင်ဖိုစရာ ပန်းချီပြပွဲ

ပန်းချီဆရာ ညီထွန်းရေးဆွဲတဲ့ ရင်ဖို ရင်သပ်ရှုမောဖွယ်ရာ ပန်းချီလက်ရာများကို စုစည်းပြသထားတဲ့ ပန်းချီပြပွဲကို ယနေ့ စတင်ပြသနေပါပြီ။

ပြပွဲကို The Lady လို့ အမည်ပေးထားပြီး အမျိုးသမီးများရဲ့ ခန္ဓာကိုယ်အလှအပကို အနုပညာမြောက် ရေးဆွဲထားတဲ့ လက်ရာများဖြစ်ပါတယ်။

ပန်းချီ ညီထွန်းဟာ ပန်းပုပညာရှင်လည်းဖြစ်ပြီး လူသိများတဲ့ Artist တဦးဖြစ်ပါတယ်။

သူ့ဟာ ဒီ့မတိုင်မီ တကိုယ်တော်ပန်းချီပြပွဲပေါင်း (၅) ကြိမ် ပြသခဲ့ပြီးဖြစ်ကာ ဒါဟာ သူ့အတွက် (၆) ကြိမ်မြောက် တကိုယ်တော်ပန်းချီပြပွဲဖြစ်ပါတယ်။

ဆရာညီထွန်းအတွက် ၆ ကြိမ်မြောက် The Lady တကိုယ်တော်ပြပွဲမှာ ပန်းချီကားပေါင်း (၅၁) ကား ပြသထားပါတယ်။

The Lady ပန်းချီပြပွဲကို ကမာရွတ် ဗဟိုလမ်းပေါ်မှာရှိတဲ့ Artist Gallery Café မှာ ဧပြီ ၂၂ ရက်နေ့မှ ဧပြီ ၂၅ ရက်အထိ ပြသသွားမှာ ဖြစ်ပါတယ်။
Category
Fap tribute Fap challenge
Tags
Nude Art
Commenting disabled.